ဟာဗားနား ဩဂုတ် ၇
ကျူးဘားနိုင်ငံ မာတန်ဇာစ်ဆိပ်ကမ်းအနီး၌ လောင်စာဆီသိုလှောင်ကန်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၇ ဦးသေဆုံးခဲ့ပြီး ၆၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကျူးဘားသမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေါက်ကွဲမှုများဖြစ်
ဩဂုတ် ၆ ရက် ဒေသစံတော်ချိန် ည ၇ နာရီ အချိန်တွင် အဆိုပါလောင်စာဆီသိုလှောင်ကန်ကို မိုးကြိုးပစ်ချခဲ့သဖြင့် မီးလောင်ကျွမ်းကာ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရမီဒီယာက သတင်းဖော်ပြသည်။
အဆိုပါ သိုလှောင်ကန် မီးလောင်ကျွမ်းမှုသည် ဩဂုတ် ၇ ရက် နံနက်ပိုင်းအထိ ကြာမြင့်ခဲ့ပြီး အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ကယ်ဆယ်ရေးဝန်ထမ်းများက ပြောင်းရွှေ့ပေးခဲ့ ရသည်။
သွားရောက်ကြည့်ရှု
ကျူးဘားသမ္မတ ဒေ့ဇ်ကနယ်လ်က ဟာဗားနား မြို့တော်မှ ကီလိုမီတာ ၁၀၀ ခန့်အကွာအဝေးရှိသည့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိခိုက်စေမည်ဖြစ်
ကျူးဘားနိုင်ငံသည် လောင်စာဆီပြတ်လပ်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ယခုလောင်စာဆီသိုလှောင်ကန် မီးလောင်ကျွမ်းမှုကြောင့် နိုင်ငံ၏လျှပ်စစ်မီး ထောက်ပံ့မှုကို ထိခိုက်စေမည်ဖြစ်မည်ဖြစ်သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်


