ပေကျင်း ဩဂုတ် ၈

 

တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုသည် ယခုနှစ် ပထမခုနစ်လအတွင်း ယွမ် ၂၃ ဒသမ ၆ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံ ခန့်) ရှိခဲ့ခြင်းကြောင့် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက် မှုရှိခဲ့ကြောင်း တရားဝင်အချက် အလက်များက ဩဂုတ် ၇ ရက် တွင် ဖော်ပြထားသည်။

 

ပို့ကုန်သည် ယွမ် ၁၃ ဒသမ ၃၇ ထရီလီယံရှိခဲ့ခြင်းကြောင့် ယမန်နှစ်အလားတူ ကာလကထက် ၁၄ ဒသမ ၇ ရာခိုင်နှုန်း၊ သွင်းကုန် သည် ယွမ် ၁၀ ဒသမ ၂၃ ထရီလီယံ ရှိခဲ့ခြင်းကြောင့် ယမန်နှစ် အလားတူကာလ ကထက် ၅ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်မှုရှိခဲ့ကြောင်း တရုတ်အကောက်အခွန်ဌာနက ပြောကြားသည်။

 

ယခုနှစ် ပထမခုနစ်လအတွင်း တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှ နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၁၃ ဒသမ ၂ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂ နှင့် ကုန်သွယ်မှုသည် ၈ ဒသမ ၉ ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုသည် ၁၁ ဒသမ ၈ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီး မြင့်တက်မှုရှိခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်