ရပ်စောက် ဩဂုတ် ၁၀

 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ဇော်ဂျီချောင်းရေများ ပြန်လည် ကျဆင်းသွားပြီဖြစ်၍ ပြည်သူများ နေအိမ်များ၌ ပြန်လည်နေထိုင်နိုင်ရေး တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အိမ်များသို့ ပြန်လည်နေထိုင်ရာတွင် လျှပ်စစ်မီး ပြန်လည်ရရှိရေး၊ သောက်သုံးရေများ ပြန်လည်ရရှိရေး၊ နေအိမ်များအတွင်း ဝင်ရောက်နေသည့် သဲ၊ နှုန်းများနှင့် အမှိုက်များအား ကူညီဖယ်ရှားပေးနိုင်ရေးတို့အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ ကြီးကြပ်ကာ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)

 

mdn