ရန်ကုန်၊ ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည် ပင်သာ ယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ ကော်မတီ ဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်၊ အင်းစိန်လမ်းနှင့် ပါရမီ လမ်းထောင့်ရှိ အင်းစိန်လမ်း၊ ဘုရားလမ်းမှတ်တိုင်အနီး စည်ပင်သာယာ ဝန်ထမ်း များဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းဘေးအမှိုက် သဲ၊ ခဲများ ရှင်းလင်းမြေညှိခြင်း၊ ရေနုတ်မြောင်းများ ဆယ်ယူ ရှင်းလင်းခြင်း ဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သမိုင်းလမ်းဆုံမီးပွိုင့်အနီးရှိ လှိုင်မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်အကြား သမိုင်းချောင်းအတွင်း အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်း လင်းနေမှု၊ ချောင်းကမ်းစပ်တစ်လျှောက် မြက်ပင်ချုံနွယ်များနှင့် တွယ်ကပ်ပင်များ ရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်လမ်း ကုလားကျောင်း မှတ်တိုင်အနီး လူသွားစင်္ကြံခင်းကျင်းနေမှုကိုလည်းကောင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ်အနီး လျှပ်စစ်ဓာတ် အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင် အကိုင်းအခက်များ၊ အုပ်မိုးကိုင်းများ ရှင်းလင်း ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ အင်းစိန်လမ်း၊ ဘီအိုစီမှတ်တိုင်အနီး ရိုးကြီးချောင်းအတွင်း အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ အင်းစိန်လမ်းဝဲ/ယာ လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ် ကင်းသည့် သစ်ပင်အကိုင်းအခက်များ၊ အုပ်မိုးကိုင်း များ ရှင်းလင်းခြင်းကိုလည်းကောင်း၊ လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက်၊ ပန်းခြံကျောင်းလမ်းရှိ လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းကို လည်းကောင်း၊ လှိုင်(၁၃)ရပ်ကွက် ဘောလုံးကွင်း ပြုပြင်ဆောင်ရွက်နေမှုကို လည်း ကောင်း  ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းထောင့်ရှိ Time City တည်ဆောက်ရေး လုပ်ငန်းခွင်သို့လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မြို့တော်ခန်းမ၊ ပထမ ထပ်ရှိ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဂုဏ်ပြုချီးမြှင့်သည့် ရဲဗလတံဆိပ်ရရှိသော ဝန်ထမ်းနှစ်ဦးကို ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်သည်။

 ထို့နောက် မြို့တော်ဝန်သည် မွန်းလွဲ ၁ နာရီတွင် အစည်းအဝေးခန်းမ(၄)၌ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိ ပညာ ပေးရေးနှင့် စွမ်းဆောင် ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 
(သတင်းစဉ်)