ဩဂုတ် ၁၂

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၈၇၁၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၁၁၁၁၈၄၀ အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်နေ့က ရောဂါကူးစက်ခံရသူ ၁၃၇၂၄၁ ဦး ရှိရာမှ ရောဂါကူးစက်မှုကျဆင်းလာသော်လည်း သီတင်းပတ်အစောပိုင်းက ကူးစက်ခံရသူ ၁၁၂၈၅၈ ဦးထက် ကူးစက်မှုပိုမိုမြင့်မားလာခဲ့သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။

 

လွန်ခဲ့သောသီတင်းပတ်က ရောဂါနေ့စဉ်ကူးစက်မှုပျမ်းမျှ ၁၁၉၈၅၇ ဦး ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက်  ၄၆၄ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ယခုအခါတွင် ပြည်ပကူးစက်မှုပေါင်း ၅၀၅၇၁ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ၅၈ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၅၄၉၉ ဦး အထိရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို