တိုကျို ဩဂုတ် ၁၅
အပူပိုင်းမုန်တိုင်းမီရီသည် ဂျပန်နိုင်ငံ ရှီဇူကာ ခရိုင်တွင် မိုးသည်းထန်စွာရွာ သွန်းခြင်းနှင့် မြေပြိုမှုများ ဖြစ်ပွားစေခဲ့ပြီးနောက် တိုဟူကူဒေသမှ ပစိဖိတ် သမုဒ္ဒရာအတွင်း အရှေ့မြောက်ဘက်သို့ ဦးတည်နေကြောင်း သိရသည်။ အဆိုပါမုန်တိုင်းကြောင့် ဂျပန်နိုင်ငံမြောက်ပိုင်းမှ အနောက်ပိုင်းအထိ လေဖိအား အခြေအနေများ ပြောင်းလဲသွားနိုင်ကြောင်း သိရသည်။
တိုကျိုတောင်ပိုင်း အိုင်ဇူကျွန်းများတွင် တစ်ရက်အတွင်းမိုးရေချိန်သည် မီလီမီတာ ၃၁၀ အထိ ရှိခဲ့ကြောင်း သိရပြီး ထိုမိုးရေချိန်ပမာဏသည် ဩဂုတ်လအတွင်း ပုံမှန်ရွာသွန်းမည့် မိုးရေချိန်ပမာထက် ၅၀ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း သိရသည်။ နိုင်ငံအတွင်းရှိဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် မြေပြိုနိုင်သည့်အခြေအနေများ ပိုမိုများပြားကြောင်း သိရသည်။ အိုင်ဝါတီဒေသရှိ မြစ်များအတွင်းတွင်လည်း မြစ်ရေများပြည့်နေပြီး ရေကြီးခြင်းများ ဖြစ်နိုင်ကြောင်းသိရသည်။
လာမည့်တစ်ရက်အတွင်း နီဂါတာခရိုင်နှင့် ဟိုကူရီ ကူခရိုင်တွင် မိုးရေချိန် ၁၀၀ မီလီမီတာ၊ တိုဟူကူနှင့် ကန်ဇိုင်းဒေသများတွင် မိုးရေချိန် ၈၀မီလီမီတာနှင့် ဟော့ကိုင်းဒိုးဒေသတွင် မိုးရေချိန် ၇၀မီလီမီတာ ရွာသွန်းမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ နိုင်ငံ အတွင်း မြေပြိုခြင်းနှင့် ရေကြီးခြင်းများ ဖြစ်လာနိုင်သဖြင့် သတိပြုနေထိုင်ကြရန် တာဝန်ရှိသူများကပြောသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ


