(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

 

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီပြည်နယ်ကို ဖြတ်‌ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း “မ-အွန် (Ma-on)သည် အနောက်- အ​နောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ အနီးသို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “မ-အွန် (Ma-on)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက်(၁၂) နာရီအတွင်း  လာအိုနိုင်ငံမြောက်ပိုင်းသို့ ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) အဖြစ်လည်းကောင်း၊ နောက်(၂၄)နာရီအတွင်း မြန်မာ နိုင်ငံအရှေ့ပိုင်းဒေသများသို့ လေပွေလှိုင်း (Low-Pressure Cell) အဖြစ် လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “မ-အွန် (Ma-on)၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၈.၈.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

 

မိုးလေဝသအ‌ခြေအနေ။ နေရာအနှံအပြား  မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

 

အမြင်တာ။                (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။

 

ရေပြင်လေ။                      တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။

 

လှိုင်းအ‌ခြေအနေ။         လှိုင်းအသင့်အတင့်မှ လှိုင်ကြီးနိုင်ပါသည်။

 

လှိုင်းအမြင့်။               (၇)ပေမှ (၉)ပေခန့်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

 

မိုးလေဝသအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

 

အမြင်တာ။                (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

 

ရေပြင်လေ။                  အနောက်(သို့) အ​နောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။

 

လှိုင်းအ‌ခြေအနေ။         လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။

 

လှိုင်းအမြင့်။               (၄)ပေမှ (၇)ပေခန့်။

 

Credit>  မိုးဇလ