ပင်းတယ  ဩဂုတ် ၃၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဩဂုတ် ၂၉ ရက်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေး စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင်  ကျောင်းဝန်းအတွင်း ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် စာသင်ဆောင်ခန်းမ၊ ရုံးခန်း၊ အစည်းအဝေးခန်းမနှင့် ကျောင်းစာကြည့်တိုက် စသည့် အဆောင်များတွင် ခြင်ဆေးများမှုတ်ပေးခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ခွက်၊ ဘူး၊ တာယာဟောင်းများနှင် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေစေရေးအတွက် အဘိတ်ဆေးခတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပင်းတယမြို့နယ်အနေဖြင့် ခြင်မှတစ်ဆင့် ကူးစက်စေတတ်သည့် ရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးစေရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အသင်းသူ/သားများမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)