ပျဉ်းမနား      စက်တင်ဘာ     

 

ဓာတ်မြေဩဇာများကို ရေရှည်အသုံးပြုခြင်းဖြင့် မြေဆီလွှာအတွင်း သဘာဝမြေဆွေးများ ဆုံးရှုံးခြင်း၊ မြေချဉ်၊ငံကိန်းများပြောင်းလဲလာခြင်းနှင့် အကျိုးပြုအနုဇီဝများနည်းပါးလာခြင်းတို့ကို ကာကွယ်နိုင်ရန်နှင့် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်၍ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အင်ဇိုင်းအသီးအပွင့်အား ဆေးဖော်စပ်ခြင်း သင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲကျေးရွာ၊ တောင်သူဦးဝင်းမြင့်၏ စိုက်ခင်း၌ ကျင်းပရာ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

 

င်တန်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သင်တန်းတွင် သင်ကြားပြသပေးသွားမည့် အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ကြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအားတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာပြုလုပ် နေမှုနှင့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)