ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့ နံနက် ၉ နာရီမှစတင်ပြီး ညောင်ဦးမြို့ ရပ်ကွက်များအလိုက် ရောင်းချပေးနေကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၇၅၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေး ညောင်ဦးမြို့(က)နယ်မြေ(၁)ရှိ သိရိမင်္ဂလာရပ်တွင် Mobile ကားဖြင့် လိုက်လံရောင်းချပေးခဲ့ရာ စားအုန်းဆီပိသာချိန် ၆၆၀၀ ပိဿာရောင်းချပေးနိုင်ခဲ့ ကြောင်း သိရသည်။
ကိုကြေးမုံ


