ဥတ္တရသီရိ စက်တင်ဘာ ၂

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရီရိမြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁ ရက်က မောင်းရမ်းကျေးရွာအုပ်စု တောင်သူ အသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက တောင်သူဦးထွန်းဝေ၏ မိုးစပါး RS.CS မျိုးစေ့ထုတ်စိုက်ခြင်း စံပြအကွက်တွင် ယူရီးယားဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ (၁:၃) ရောစပ် သုံးစွဲခြင်းအ​​ကြာင်းကို တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်တင်မာအေးက ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းသီးနှံပိုးမွှားတာဝန်ခံ ဦးမျိုးနိုင်က သဘာဝ တမာပိုးသတ်ဆေး များအကြောင်းနှင့်  မြေဩဇာ ရောစပ်အသုံးပြုမှုများကို တောင်သူများအား ရှင်လင်းပြောကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူတို့က မောင်းရမ်းကျေးရွာ အုပ်စုအတွင်းရှိ ဆောင်းနေကြာစိုက် တောင်သူ(၅၆)ဦးအတွက် နေကြာမျိုးစေ့များ အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)