ကယ်လီဖိုးနီးယား စက်တင်ဘာ ၈

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တောင်ပိုင်းတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရာ အင်္ဂါနေ့နံနက်ပိုင်းအထိ ၂၄ နာရီအတွင်း သေဆုံးသူနှစ်ဦးရှိခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောသည်။ တောမီးလောင်ကျွမ်းမှုသည် ၉ ဒသမ ၇၁ စတုရန်းကီလို မီတာ ဧက ၂၄၀၀ ကျော်အထိ ရောက်ရှိလာပြီ ဖြစ်သည်။

 

အပူလှိုင်းဖြတ်သန်းနေချိန် တောမီးလောင်မှုသည် ရေဗာဆိုက်ခရိုင် ဟဲမက်မြို့အနီးတွင် တနင်္လာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ တောမီးလောင်ကျွမ်းမှုကို ၅ ရာခိုင်နှုန်းသာ ထိန်းသိမ်းနိုင်သေးကြောင်း သိရပြီး ဘေးလွတ်ရာသို့ ပြောင်းရွေ့ရေးအမိန့်များနှင့် သတိပေးချက်များ ဆက်လက်ထုတ်ပြန်ထားရကြောင်း ရေဗာဆိုက် ခရိုင်မီးသတ်ဌာန က ထုတ်ပြန်သောသတင်းအရ သိရသည်။

 

တောမီးလောင်ကျွမ်းမှုကြောင့် အခြေခံ အဆောက်အအုံ ခုနစ်လုံးထက်မနည်း လောင်ကျွမ်းခဲ့ပြီး အများအပြား ပျက်စီးခဲ့သည်။ တောမီးကြောင့် အဆိုပါဒေသအတွင်းရှိ အဆောက်အအုံပေါင်း ထောင်ပေါင်းများစွာ ပျက်စီးမည့်ဘေးနှင့် ရင်ဆိုင်နေရသည်။ တောမီးကြောင့် ဟဲမက်ကျောင်းကို အင်္ဂါနေ့က ပိတ်ခဲ့ရသည်။

 

ဆင်ဟွာ