အုတ်တွင်း    စက်တင်ဘာ   ၉

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် စားသုံးဆီဖူလုံရေးအတွက် နေကြာသီးသန့်သီးညှပ် စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ဆန်းဦးက နေကြာမျိုးစေ့ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စိုက်ပျိုးရမည့် နည်းပညာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် နေကြာသီးသန့်သီးညှပ်စိုက်ပျိုးမည့် ကျေးရွာအုပ်စု(၂၉) အုပ်စုရှိ တောင်သူ (၃၆၆၂) ဦးစိုက်ပျိုးမည့် ဧက(၂၃၃၅) ဧကအတွက် ဆင်းရွှေကြာ-၂ မျိုးစေ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် တာဝန်ရှိ သူများက နေကြာမျိုးစေ့များအား တောင်သူများထံ ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)