ဒမတ်စကတ် စက်တင်ဘာ ၁၁

 

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့၌  ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၁၆ ဦးရှိကြောင်း စက်တင်ဘာ ၁၀ ရက် တွင်  ဆီးရီးယား ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ  ထုတ်ပြန်ချက်တွင် ကာလဝမ်းရောဂါ ဖြစ်ပွားသော အသက်ကိုးနှစ်အရွယ် ပထမဆုံး လူနာသည် ဆေးကုသမှုခံယူပြီး ခြောက်ရက်အကြာတွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းနှင့် အခြားသော ၁၅ ဦးကို သီးသန့် ခွဲခြားထားပြီး အလက်ပိုမြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူလျက် ရှိကြောင်း ဖော်ပြထားသည်။

 

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့သည် စက်တင်ဘာ ၆ ရက်နောက်ပိုင်း နိုင်ငံအရှေ့ပိုင်းမြို့ ဒီယာအယ်ဇိုး၌ ကာလဝမ်းရောဂါ ဖြစ်ပွားမှုတွေ့ရှိခဲ့ပြီး အဆိုပါရောဂါကြောင့် သေဆုံးသူလေးဦးရှိကြောင်း ပြောသည်။ ဒီယာအယ်ဇိုး၌ ကာလဝမ်းရောဂါဖြစ်ပွားမှု အရေ အတွက်သည် မသန့်ရှင်းသော သောက်သုံးရေကြောင့် တိုးပွားလာလျက်ရှိကြောင်း သိရသည်။

 

ဆင်ဟွာ