ကိုလံဘို   စက်တင်ဘာ  ၁၁

 

ယခုနှစ် လက်ရှိအချိန်အထိ ကာလအတွင်း သီရိလင်္ကာနိုင်ငံသား နှစ်သိန်းကျော်သည်  ပြည်ပအလုပ်အကိုင် ရရှိရေးအတွက် နိုင်ငံအတွင်းမှ ထွက်ခွာခဲ့ကြကြောင်း သီရိလင်္ကာနိုင်ငံ အလုပ်သမားနှင့် ပြည်ပအလုပ်အကိုင်ဝန်ကြီးဌာန ဝန်ကြီး မာနူရှာ နာနာယက်ကာရာက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။

 

အဆိုပါ သီရိလင်္ကာနိုင်ငံသား နှစ်သိန်းကျော်သည် သီရိလင်္ကာနိုင်ငံ ပြည်ပ အလုပ်အကိုင်ဗျူရို၌   မှတ်ပုံတင်ထားသူများဖြစ်ကြောင်းနှင့် တချို့သည်လည်း မှတ်ပုံတင်ခြင်းမရှိဘဲ  ထွက်ခွာနိုင်ဖွယ် ရှိကြောင်း မာနူရှာနာနာယက်ကာရာက ပြောကြားသည်။

 

သီရိလင်္ကာနိုင်ငံသို့ နိုင်ငံရပ်ခြားမှ သီရိလင်္ကာအလုပ်သမားများက ပေးပို့သည့်ငွေလွှဲပို့မှုသည် ဩဂုတ်လအတွင်းက အမေရိကန်ဒေါ်လာ ၃၂၅ သန်းရှိခဲ့ခြင်းကြောင့် ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၁၆ ဒသမ ၄ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ အလုပ်သမားနှင့် ပြည်ပအလုပ်အကိုင် ဝန်ကြီးဌာန ဝန်ကြီး မာနူရှာနာနာယက်ကာရာက ပြောကြားသည်။

 

ယခုနှစ်ကုန်ပိုင်းအထိ ကာလအတွင်း ပြည်ပအလုပ်အကိုင်ရရှိရေးအတွက် သီရိလင်္ကာနိုင်ငံသား ၃၃၀၀၀၀ ခန့် နိုင်ငံအတွင်းမှ ထွက်ခွာမည်ဟု မျှော်လင့်ရကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်