စက်တင်ဘာ ၁၂
ပါပူဝါနယူးဂီနီတွင် ယမန်နေ့မနက်ပိုင်းက ပြင်းအား ၇ ဒသမ ၆ ပမာဏရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လေးဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလူအမြောက်အများ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
အဆိုပါသေဆုံးသူများသည် မာဒန်ပြည်နယ် ရိုင်ကမ်းရိုးတန်းခရိုင်မှ တစ်ဦးနှင့် မိုရိုဘီပြည်နယ် ဝူမြို့မှ သုံးဦးတို့ဖြစ်ကြသည်ဟု သိရသည်။
အဆောက်အဦများပြိုကျမှုကြောင့် မိုရိုဘီပြည်နယ်ရှိ လူအချို့ ဒဏ်ရာများရရှိခဲ့ပြီး ထိုငလျင်လှုပ်ခတ်မှုကြောင့် ကျန်းမာရေးစင်တာ၊ နေအိမ်၊ ကျေးလက်ဒေသလမ်းများနှင့် အဝေးပြေးလမ်းများ ပျက်စီးခဲ့ကြောင်း ထိုပြည်နယ်ရှိသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲရေးစင်က ပြောကြားသည်။
ဒေသဆိုင်ရာဓါတ်အားလိုင်း၊ အင်တာနက်ကေဘယ်လ်ကြိုးများနှင့် ဒေသဆိုင်ရာအဝေးပြေးလမ်းများ ပျက်စီးခဲ့သော်လည်း ဒေသဆိုင်ရာ လေဆိပ်များပုံမှန်လုပ်ဆောင်နေသည်ဟု သိရသည်။
ပါပူဝါနယူးဂီနီသည် ကမ္ဘာ့ဘူမိဗေဒအရ ငလျင်လှုပ်ခတ်မှုအများဆုံးဒေသများအနက် တစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ပြင်းအား ၅ သို့မဟုတ် ၁၀၀ ပမာဏထက်ပိုမိုသောငလျင်များလှုပ်ခတ်လေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


