နေပြည်တော် အောက်တိုဘာ ၉
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ကျိုက်ပွန်ဇေတဝန် ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အောင်ပါရမီ ပရိယတ္တိစာသင်တိုက်၊ ရန်ကုန် တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ အရှင်ဥတ္တမသာရစာသင်တိုက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ မဟာဗောဓိကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ အောင်သီတာ စာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ရန်ကင်းပရိယတ္တိ စာသင်တိုက်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ မဟာဝိသုတာရာမ သာသနာ့ဗိမာန်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရွှေအိုးရ တောရကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်ရှိ ဖားအောက်တောရ ကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ ရက္ခဝတီ တောရကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


