ပဲခူး အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/ ၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိမိတို့အစိုးရအဖွဲ့လက်ထက်တွင် လယ်ယာ မြေအခြားနည်း အသုံးပြုခွင့် ခွင့်မပြုခဲ့သော်လည်း ယခင်ခွင့်ပြုပေးခဲ့သည့် လယ်ယာမြေများကို ပြန်လည်စိစစ်၍ စည်းကမ်းချက်အတိုင်း ဆောင်ရွက်ခြင်း မရှိပါက လယ်မြေအဖြစ် ပြန်လည်သတ်မှတ်နိုင်ရေး ဆောင်ရွက်ရန်၊ မြေယာအယူခံမှု များနှင့်ပတ်သက်၍ တိုင်းဒေသကြီးလယ်ယာမြေစီ မံခန့်ခွဲမှု အဖွဲ့၏ ဆုံးဖြတ် ချက်သည် အတည်ဖြစ်၍ တက်ရောက်လာသည့် အဖွဲ့ဝင်များအနေဖြင့် မြေယာအယူခံမှု တစ်ခုချင်းစီအား သေချာစိစစ်၍ ဆုံးဖြတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ် က မြို့နယ်အလိုက် ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေအား အခြားနည်း အသုံးပြုခြင်းမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက တားဆီးခြင်းနှင့် အရေးယူခြင်းများကို ချက်ခြင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လယ်ယာမြေများ အား အခြားသီးနှံ ပြောင်းလဲစိုက် ပျိုးခြင်း၊ နှစ်ရှည်သီးနှံပြောင်းလဲစိုက်ပျိုးခြင်းတို့မှတစ်ဆင့် မြေယာ အမျိုးအစားပြောင်းကာ အခြားနည်း လျှောက်ထားမှုများ မရှိစေရေး မြေပြင်တွင်စနစ်တကျ ကွင်းဆင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လယ်ယာမြေများ အကြောင်းမဲ့ဆုံးရှုံးမှုမဖြစ်စေရေး သက်ဆိုင်ရာ လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သန်းလွင်က ဌာနဆိုရာ ရုံးအဆောက်အဦများအတွက် မြေယာအမှုတွဲ(၆)တွဲ၊ ပုံစံ(၇) ပယ်ဖျက် ခြင်း အမှုတွဲ(၁)တွဲနှင့် မြေယာအယူခံမှု အမှုတွဲ(၄)တွဲတို့ကို အသေးစိတ်တင်ပြခဲ့ရာ တက်ရောက်လာ သည့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေး၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


