၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်
၁။ ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း တောင်တက် ယာဉ်စခန်း၌ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရားအား ဖူးမြော်ကုသိုလ်ယူရန် ဘုရားဖူး ခရီးသွားပြည်သူများ စည်ကားလျက်ရှိစဉ် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ အကြောင်းမဲ့လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ဘုရားဖူးပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့စွာ ကြားသိရပါသည်။
၂။ ယခုလို ဝါကျွတ်ကာလတွင် အေးချမ်းစွာ ဘုရားဖူးကုသိုလ်ယူနေသည့် အပြစ်မဲ့ဘုရားဖူး ပြည်သူများအား ပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်သည့် လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်ကို မိမိတို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)


