၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်
၁။ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် တောင်ခြေရှိ ကင်မွန်းချောင်း တောင်တက်ယာဉ် စခန်းသို့ ၆၀ မမ၊ ၄၀ မမ တို့ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ ဘုရားဖူး ခရီးသွား(၁၉)ဦး ဒဏ်ရာရရှိခဲ့ပြီး(၃)ဦး သေဆုံးကြောင်း သိရှိရသည့်ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)အနေဖြင့် လွန်စွာပင် စိတ်နှလုံးမချမ်းမြေ့ ဖြစ်ရပါသည်။
၂။ အပြစ်မဲ့ ပြည်သူများအား အမျိုးမျိုးရန်ရှာကာ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများ၊ ယခုကဲ့သို့ ဗုဒ္ဓဘာသာ ဘုရားစေတီများနှင့် အပြစ်မဲ့ ဘုရားဖူးများအား လူမဆန်စွာ ပစ်ခတ် တိုက်ခိုက်ကြသည့် အကြမ်းဖက်သမားများကို မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)


