၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

 

၁။        မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ကင်မွန်းချောင်း တောင်တက်ယာဉ်စခန်းအား  အောက်တိုဘာလ ၁၂ ရက် ယနေ့နံနက်ပိုင်း၌ အကြမ်းဖက် သမားများကလက်နက်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဘုရားဖူးပြည်သူ သုံးဦး သေဆုံးကာ(၁၉)ဦး ဒဏ်ရရှိခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါသည်။

 

၂။        ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးသို့  လာရောက်ဖူးမြော်   ကုသိုလ်ကောင်းမှု ပြုလုပ်ကြသော အပြစ်မဲ့ပြည်သူများကို   ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည့်  အကြမ်းဖက်သမားများအား မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း