ရေစကြို ၁၀ ဖေဖော်ဝါရီ         


ရေစကြိုမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျ လိုက်နာဆောင်ရွက် တတ်စေရန် ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် အသိပညာပေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးဝန်း အတွင်းတွင် ကျင်းပပြုလုပ်သည်။


အဆိုပါ အခမ်းအနားတွင်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဖေ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးညီညီအောင်၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ အမှုဆောင် အရာရှိ ဦးမြင့်ဟန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


သန်းသန်း(ရေစကြို)