ဆိုးလ်    အောက်တိုဘာ    ၁၉

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၉၅၀၃ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၅၁၉၄၁၇၇ ဦးရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေး အာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

တောင်ကိုရီးယားနိုင်ငံ၌  လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများတွင် ၇၂ ဦးသည် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း၊ ကျန်ရှိသူများသည် ပြည်တွင်း၌ ကူးစက်ခံရသူများ ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၃ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၈၈၉၉ ဦးရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် တောင်ကိုရီးယား နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း၏ သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်