ပေါက်ခေါင်း ၁၀ ဖေဖော်ဝါရီ
တောင်နဝင်းဆည်တမံအား အချိန်ပြည့် ကြည့်ရှုနိုင်ရန် CCTV (၈)လုံး တပ်ဆင်ခြင်းကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် တပ်ဆင်ခြင်း၊ စမ်းသပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်ဆင်ထားရှိသည့် CCTV မှရရှိသည့် အချက်အလက်များအား ပြည်သူများထံသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ Website (www.bagoregion.gov.mm) နှင့် Facebook Page (Bago Region Government Office) တို့မှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် တောင်နဝင်းဆည်တမံနှင့် ပတ်သက်၍ ကောလာဟလ သတင်းများအား မယုံကြည်ကြရန်နှင့် သက်ဆိုင်ရာဌာနများမှ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
တင်စိုး(ပဲခူး)


