ကျွန်းစု  ၁၀  ဖေဖော်ဝါရီ

 

တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက်က တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေး စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

1

 

ထိုသို့ ကုသရာတွင် ကျွန်းရတနာခန်းမ၌ ခွဲစိတ်ရောဂါ၊ သွားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ဆေးကုသမှုဆိုင်ရာရောဂါ၊ သွားရောဂါ၊ မျက်စိရောဂါနှင့် ဆေးရုံသင်္ဘော(သံလွင်)၌ အထွေထွေခွဲစိတ်၊ Ultrasound၊ ဓာတ်မှန်ရိုက်၊ ECG၊ မျက်စေ့ခွဲစိတ်၊ အရိုးခွဲစိတ်၊ သားဖွားမီးယပ်ခွဲစိတ်၊ CT Scan ရိုက်ခြင်းတို့ကို အထူးကုပါရဂူ၊ ခွဲစိတ်ဆရာဝန်များဖြင့် အခမဲ့ ကုသပေးခဲ့သည်။

 

2

 

အဆိုပါ တပ်မတော် နည်လှည့်ဆေးကုသရေးအဖွဲ့သည် ကျွန်းစုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမနှင့် ကမ်းကြီးကျေးရွာ အမှတ်(၁၀) ရေတပ်ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသည့် ပင်လယ်ဆေးရုံသင်္ဘော(သံလွင်)၌ ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်ထိ လည်းကောင်း၊ ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာ၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်ထိ လည်းကောင်း၊ ရေကန်တောင် ကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၇ ရက်ထိလည်းကောင်း၊ ပြင်စဘုကျွန်း၌ ဖေဖော်ဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် အခမဲ့ ဆေးကုသပေးခြင်းကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တပ်မတော် နည်လှည့်ဆေးကုသရေးအဖွဲ့သည် ကျွန်းစုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကျွန်းရတနာခန်းမနှင့် ကမ်းကြီးကျေးရွာ အမှတ်(၁၀) ရေတပ်ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသည့် ဆေးရုံသင်္ဘော (သံလွင်)၌ အမျိုးသား ၂၇၀ ဦး၊ အမျိုးသမီး ၃၉၁ ဦး၊ စုစုပေါင်း ၆၆၁ ဦးတို့အား အခမဲ့ ကျန်းမာရေး စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)