ကော့ကရိတ် ၁၀ ဖေဖော်ဝါရီ 

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့  မြို့မဈေးကြီးတွင် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီက မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ကော့ကရိတ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စည်ပင်အမှုဆောင် အရာရှိနှင့်အဖွဲ့၊ ဈေးတာဝန်ခံနှင့် စည်ပင်ဝန်ထမ်းများ၊ ဈေးကော်မတီနှင့် ဈေးသူဈေးသားများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

09633

 

ထိုသို့ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ဆောင်ရွက်ရာတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး ဦးဆောင်၍ ကော့ကရိတ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ၁၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်  ၅ ဦး၊ စည်ပင်သာယာ အဖွဲ့ဝင် ၁၀ ဦး၊ ဈေးကော်မတီအဖွဲ့ဝင် ၅ ဦးနှင့် ဈေးသူ/ဈေးသား ၇၀ ခန့်လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

မင်းသူ(ဘားအံ)