ရန်ကုန် ၁၀ ဖေဖော်ဝါရီ

 

သတင်းနှင့်စာနယ်ဇင်း ဝန်ထမ်းဟောင်းများအသင်း၏ အမှုဆောင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

အစည်းအဝေးတွင် အသင်း ဥက္ကဋ္ဌ ဦးမြင့်ဆွေ (စာတည်းမှူးချုပ်-ငြိမ်း၊ ကြေးမုံ) + ဒေါ်နီနီစံတို့က ဒုတိယအကြိမ်အဖြစ် အလှူငွေကျပ်လေးသိန်းနှင့် ဘဏ္ဍာရေးမှူး ဦးထွန်းလင်းအောင် (မဟောသဓာပုံနှိပ်တိုက်လုပ်ငန်း) + ဒေါ်သိင်္ဂီဦးတို့က ဒုတိယအကြိမ် အလှူငွေကျပ် နှစ်သိန်းကို ပေးအပ်လှူဒါန်းကြသည်။ 

 

အလားတူ ဩစတြေးလျနိုင်ငံရောက် ဂါဒီယန်သတင်းစာတိုက် ဝန်ထမ်းဟောင်း ဦးမောင်မောင်နှင့် ဇနီး ဒေါ်ဥမ္မာတို့ကလည်း အလှူငွေကျပ် တစ်သိန်းအား ပေးအပ်လှူဒါန်းရာ အသင်းအမှုဆောင်များကိုယ်စား ဂါဒီယန်ဝန်ထမ်းဟောင်းများက လက်ခံရယူပေးခဲ့သည်။

 

အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးအသင်းသားကြီးများအား ဂါရဝပြုပွဲနှင့် ဝန်ထမ်းဟောင်းများ မိတ်ဆုံတွေ့ဆုံပွဲကို မတ်လ ၂၄ ရက် (တနင်္ဂနွေနေ့) တွင် အာဇာနည်လမ်း ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဓမ္မာရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါအခမ်းအနားအတွက် ပါဝင်လှူဒါန်းလိုသူများ၊ အသက်(၈ဝ)နှစ်နှင့်အထက် အသင်းသားကြီးများနှင့် အသင်းဝင်လိုသူများ၊ နှစ်စဉ်ကြေးပေးသွင်းလိုသူများသည် အသင်းအတွင်းရေးမှူး ဦးဇော်ဝင်း ဖုန်း-ဝ၉ ၄၂၀၁၀၁၃၈၉ နှင့် တွဲဖက်အတွင်းရေးမှူး ဦးအေးသန်း ဖုန်း-ဝ၉ ၄၄၀၃၇၇၆၃၆ တို့သို့ ဆက်သွယ်နိုင်ကြကြောင်း သိရှိရသည်။

 

(ကိုဇော်)