မုံရွာ ၁ဝ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး အားကစားကွင်းတွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ဝ ရက် နံနက်(၉)နာရီက ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းများ မုဒ်ဦးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်နှင့် ဒေါ်အမာကြည်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက် ပြခန်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖေဖော်ဝါရီ ၁ဝ ရက်မှ ၁၂ ရက်အထိ နေ့စဉ်နံနက် (၉)နာရီမှ ည(၉)နာရီထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ရာ မည်သူမဆို ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


