မုံရွာ ၁ဝ ဖေဖော်ဝါရီ
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နွေစပါးစိုက်ရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတွင် နွေစပါးများကို စိုက်ပျိုးလျက်ရှိရာ ဇန်နဝါရီလကုန်တွင် (၃၉၇၂၁)ဧကကို စိုက်ပျိုးပြီးစီပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နွေစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် မော်လိုက်ခရိုင်အတွင်းရှိ မောက်လိုက်မြို့နယ်တွင် (၁၁၇၂)ဧက၊ ဖောင်းပြင်မြို့နယ်တွင် (၄၃၁၂)ဧက စုစုပေါင်း (၅၄၈၄)ဧကအား လည်းကောင်း၊ ကလေးခရိုင်အတွင်းရှိ မင်းကင်းမြို့နယ်တွင် (၄၂၃)ဧကအားလည်းကောင်း၊ ခန္တီးခရိုင်အတွင်းရှိ ခန္တီးမြို့နယ်တွင် (၂၈)ဧက၊ ဟုမ္မလင်းမြို့နယ်တွင် (၇၄၅၂)ဧက စုစုပေါင်း (၇၄၈ဝ)ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ကနီမြို့နယ်အတွင်း (၂၄၉)ဧကအားလည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်းမြို့နယ်တွင် (၁၁၂၂)ဧက၊ မြင်းမူမြို့နယ်တွင် (၄၄၉)ဧက၊ မြောင်မြို့နယ်တွင် (၁၄ဝ၂)ဧက စုစုပေါင်း(၂၉၇၃)ဧကအား လည်းကောင်း၊ ကသာခရိုင်အတွင်းရှိ ကသာမြို့နယ်တွင် (၈၆၆၆)ဧက၊ အင်းတော်မြို့နယ်တွင် (၂၉၁)ဧက၊ ထီးချိုင့်မြို့နယ်တွင် (၈၆၁၅)ဧက၊ ဗန်းမောက်မြို့နယ်တွင် (၁၆၆)ဧက၊ ကောလင်းမြို့နယ်တွင် (၃၈၈၃)ဧက၊ ဝန်းသိုမြို့နယ်တွင် (၁၁၂၆)ဧက၊ ပင်လည်ဘူးမြို့နယ်တွင် (၃၆ဝ)ဧက စုစုပေါင်း(၂၃၁ဝ၇)ဧကအား လည်းကောင်း၊ တမူးခရိုင်အတွင်းရှိ တမူးမြို့နယ်တွင် (၅)ဧက စသည့် ခရိုင်(၇)ခုတွင် နွေစပါးစုစုပေါင်း (၃၉၇၂၁)ဧကအား စိုက်ပျိုးပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးရာသီ ကာလတူအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေစပါး (၃၉၆၅၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရာသီကုန်တွင် (၃၂ဝ၈၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နွေစပါးစိုက်ရာသီ ၂ဝ၁၉ ခုနှစ် ဇန်နဝရီလကုန်တွင် နွေစပါး(၄၃၁၃၆)ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


