စဉ့်ကူး  ၁၀   ဖေဖော်ဝါရီ 

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့များ အဖွဲ့ဝင်ဦးရေ၏ (၂၅) ရာခိုင်နှုန်း အနားယူခြင်းနှင့် လစ်လပ်မြို့နယ် သံဃာ့နာယကအဖွဲ့ဝင်းများ အစားထိုးရွေးချယ်ခြင်းအခမ်းနားကို ယနေ့ မွန်းလွဲ (၁)နာရီက မြို့နယ်သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး မန္တလေးတိုင်ဒေသကြီး သံဃာ့နာယကအဖွဲ့ဝင်ဆရာတော် မြို့နယ်သံဃာ့နာယက အစားထိုးရွေးချယ်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဘဒ္ဒန္တဝိသုတ အရှင်မြတ်က သြဝါဒကထားမြွတ်ကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကောမတီဥက္ကဋ္ဌ ဦးစိုးနိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ စဉ့်ကူးမြို့အမှတ်(၁)ရပ်ကွက် ကံကြီးကျောင်း ဆရာတော် ဘဒ္ဒန္တသာသနနှင့် ငပြင်းကျေးရွာ မင်္ဂလာရာမကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒဝံသတို့အား မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်အဖြစ် တင်မြောက်ခဲ့ပြီး ဗုဒ္ဓသာသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

 

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဝင် မြို့နယ်သံဃာ့နာယက ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မတ္တရာမြို့ထန်းတောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသုတနှင့် မန္တတိုင်းဒေသကြီး တိုင်ဝန်ဆောင်ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယကဥက္ကဌ ဘဒ္ဒန္တလက္ခဏာစာရ နှင့် အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များ ကြွရောက်တော်မှုကြပြီး၊ မန္တလေး တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်လှိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးစိုးနိုင်၊ မြို့နယ်သာသနာရေးမှူး ဦးဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

 

မင်းဇော်ဦး(ပြန်/ဆက်)