နေပြည်တော်  ၁၀  ဖေဖော်ဝါရီ 

 

သပိတ်ကျင်းမြို့နယ်၊ အုန်းပိုင်ကျေးရွာအနီး တောင်ယာထဲ၌ ဖေဖော်ဝါရီ  ၉ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် က တောဆင်ရိုင်းအမတစ်ကောင် သေဆုံးနေကြောင်း အကြောင်းကြားချက်အရ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

 

စစ်ဆေးချက်အရ အမြင့် ၉ ပေ၊ အလျား ၁၁ ပေရှိ တောဆင်ရိုင်းအမတစ်ကောင် (၄၀)နှစ်ခန့် သည် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး အဆိုပါတောဆင်ရိုင်း သေဆုံးသည့် နေရာ၏အပေါ်အမြင့် ၁၂ ပေခန့်တွင် ဇရပ်ကွင်းလျှပ်စစ် ဓာတ်အားခွဲရုံမှ သွယ်တန်းထား ရှိသည့် 33 KV လျှပ်စစ်ဓာတ်ကြိုး(၅)ကြိုးမှာ လျော့ကျလျက်ရှိ၍ ဓာတ်လိုက်သေဆုံးခြင်းဖြစ်နိုင်ကာ တောဆင်ရိုင်းသေဆုံးမှုအား အတည်ပြုနိုင်ရေး စဉ်ကူးမြို့မြန်မာ့သစ်ထုတ်လုပ်ရေးလုပ်ငန်း၊  ဇရပ်ကွင်းလျှပ်စစ်ဓာတ်အားခွဲရုံတို့သို့အကြောင်းကြားထားကြောင်းနှင့် ဆင်ဆရာဝန်ဖြင့် စမ်းသပ်စစ်ဆေးရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

MDN