နေပြည်တော် ၁၀ ဖေဖော်ဝါရီ
ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၇)ရပ်ကွက်၊ ရတနာအိမ်ရာဘီပတ်လမ်း၊ ခြံအမှတ်(၁၂)နေ ဦးစိုးမြင့်(၆၅)နှစ်သည် ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၈ နာရီအချိန်က ခြံနှင့်ပေ(၅၀)ခန့်အကွာရှိ လမ်းဘေး၌ သန့်ရှင်းရေး ဆောင်ရွက်စဉ် အချင်း ၈ လက်မခန့်၊ လုံးပတ် ၂၇ လက်မ၊ အရှည် ၃၄ လက်မခန့်ရှိ ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိကြောင်း အကြောင်းကြားချက်အရ ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး တပ်မတော်သို့ အကြောင်းကြားထားရှိကြောင်း သတင်းရရှိသည်။
MDN


