နေပြည်တော် ၁၀ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။
ယင်းအခမ်းအနား ကျင်းပပုံများကို နံနက် ၆ နာရီ မိနစ် ၄၀ မှစတင်ပြီး မြန်မာ့ရုပ်မြင်သံကြား (MRTV)နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


