ဒမတ်စကက် နိုဝင်ဘာ ၁၀

 

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အာဟာရချို့တဲ့နေသည့် ကလေးများ ငတ်ပြတ်လာကြပြီဟုသိရသည်။ အဆိုပါဒေသမှာ ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်သည်ဟု  အကူအညီပေးရေး အဖွဲ့အစည်းဖြစ်သည့် Save  the  Children  အဖွဲ့က ပြောသည်။  နေ့စဉ်နှင့်အမျှ အာဟာရချို့တဲ့သည့်  ကလေးများကို တွေ့ရှိနေရပြီး ယခင်ရက်များထက်ပင်ပို၍ များပြားလာကြောင်းနှင့်  အလှူရှင်များ လိုအပ်လျက်ရှိကြောင်း  အဆိုပါအဖွဲ့က ပြောသည်။

 

အာဟာရ ချို့တဲ့ခြင်းမှာ ကလေးများအတွက် အသက်အန္တရာယ်ရှိသည်။ ဆင်းရဲမွဲတေခြင်းနှင့် အစားအသောက်များ ဝယ်ယူနိုင်ခြင်းတို့မှာ မိသားစု ကြုံတွေ့နေရသည့် အခက်အခဲဖြစ်သည်။ ဧပြီလမှ စက်တင်ဘာလအထိ အာဟာရချို့တဲ့သည့် ကလေးအရေအတွက်မှာ ၁၀၀၀၀ ကျော် ရှိလာသည်ဟု အကူအညီပေးရေး အေဂျင်စီက ပြောသည်။ လွန်ခဲ့သည့် ခြောက်လနှင့် နှိုင်းယှဉ်လျှင် အာဟာရချို့တဲ့သည့် ကလေး အရေအတွက် ၆၆၅၀ တိုးလာသည်ဟု သိရသည်။ ဆီးရီးယားနိုင်ငံတွင် စစ်ပွဲစတင်သည့် ၂၀၁၁ ခုနှစ်မှစကာ အကျပ် အတည်းများနှင့် ရင်ဆိုင်နေရ သည်။ဆီးရီးယားရှိ ၉၀ ရာခိုင်နှုန်း မှာ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ အစိုးရ ထိန်းချုပ်မှု မရှိသောဒေသများတွင် အခြေအနေမှာ ပို၍ဆိုးရွားသည်ဟု သိရသည်။

 

၂၀၁၉ မှ ၂၀၂၁ ခုနှစ် အတွင်း မိသားစုများ၏ဝင်ငွေမှာ တိုးတက်လာခြင်း မရှိသော်လည်း စားသောက် ကုန်ဈေးနှုန်း ၈၀၀ ရာခိုင်နှုန်းအထိ တိုးလာပြီး ၂၀၂၂ ခုနှစ်တွင် ဆက်လက်တိုး လာ ကြောင်း အဆိုပါ အကူအညီ ပေးရေး အဖွဲ့အစည်းက ပြောသည်။

 

ဆင်ဟွာ