၁၁ ဖေဖော်ဝါရီ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဗင်နီဇွဲလားသမ္မတနီကိုလပ်မာဒူရိုကို ဖြုတ်ချဖို့အတွက် ရည်ရွယ်ပြီးရေနံပိတ်ဆို့မှုပြစ်ဒဏ်ကို ရုတ်တရက်ဆိုသလိုပဲ လုပ်လိုက်ပါတယ်။
အဲဒီလိုလုပ်လိုက်တဲ့အတွက်ကြောင့် နိုင်ငံခြားကိုတင်ပို့မှုတွေဟာတစ်ရှိန်ထိုးကျဆင်းသွားသလို ဘဏ်စနစ်တွေလည်း အသက်မဝင်တော့ဘူး။ ရေနံပိတ်ဆို့မှုပြစ်ဒဏ်ဟာ ထင်ထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန်ပဲ သက်ရောက်မှုရှိခဲ့ပါတယ်။
စိုးရိမ်နေကြပြီ လွန်ခဲ့တဲ့ရက်အနည်းငယ်ကဆိုရင် ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီအပေါ် အဓိက ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့ထားခဲ့ပေမယ့် ရှင်သန်ဖို့ မျှော်လင့်ချက်အနည်းငယ်တော့ ကျန်ရှိနေခဲ့ပါသေးတယ်။ အခုဆိုရင် ဗင်နီဇွဲလားနိုင်ငံက ပြည်သူအများစုဟာ လွန်ခဲ့တဲ့ သီတင်းပတ်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုကြောင့် နဂိုကမှ ထိခိုက်နေတဲ့နိုင်ငံမှာ ပိုမိုဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကပ်ဆိုးကြီး ကျရောက်လာတော့မှာ ကို ပိုပြီးစိုးရိမ်နေကြရပါပြီ။
အခုပိတ်ဆို့အရေးယူမှုနဲ့ သမ္မတမာဒူရို ကို ဖယ်ရှားပစ်ဖို့ မလုံလောက်သေးဘူးဆိုရင် နောက်ထပ်အစီအစဉ်တစ်ခု ထပ်လုပ်ဖို့များ အမေရိကန်မှာ အတွေးရှိနေဦးမလား မသိနိုင်ဘူးလို့ ဗင်နီဇွဲလားနိုင်ငံက စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ဖရန်စစ္စကိုရိုဒရီဂုစ်က ပြောပါတယ်။ ဒီထက်ပိုပြီးဆိုးလာရင် လူတွေ ငတ်ပြတ်ဖို့ပဲရှိတော့တယ်လို့ သူက ဆက်ပြောပါတယ်။
ရေနံက အဓိကငွေကို ဖန်တီးပေး အခုအချိန်ထိတော့ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံသန့်စင်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ ပက်ထရိုလီယို ဒီဗင်နီဇွဲလားနဲ့ ပက်ဗ်ဆာကုမ္ပဏီနှစ်ခုကတော့ လည်ပတ်နိုင်ပါသေးတယ်။ အမေရိကန်ကို ရေနံတင်ပို့မှုဟာ ဗင်နီဇွဲလားသမ္မတ မာဒူရို အစိုးရအတွက် အဓိကငွေကို ဖန်တီးပေးပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်မှာတော့ ရေနံတင် ပို့မှုဟာ ၄၀ ရာခိုင်နှုန်းအထိ ထိုးကျသွားပါတယ်။ ဝယ်သူတွေကလည်း စာချုပ်တွေကို ရပ်ဆိုင်းလိုက်သလို ဘဏ်တွေကလည်း ဗင်နီဇွဲလားအကောင့်တွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီတော့ ရေနံအပြည့်နဲ့ ဗင်နီဇွဲလား ရေနံတင် သင်္ဘောတွေဟာ ကာရေဘီယံပင်လယ်ပြင်မှာ ဒီအတိုင်းရပ်နေရုံမှတစ်ပါးမတတ်နိ်ုင်တော့ပါဘူး။ ရေနံအတွက် အဖိုးအခမရသလို ပိုက်ဆံလည်း တစ်ပြားမှမရပါဘူး။ ကျွန်တော်တို့ရဲ့ ရေနံလုပ်ငန်းကို လုံးဝရပ်တန့်သွားစေပါတယ်လို့ ရေနံ ကုန်သည်ကြီးများအဖွဲ့ခေါင်းဆောင် ရီနေလ် ဒိုကွမ်တီယိုက ပြောပါတယ်။ သူတို့အဖွဲ့ဟာ နိုင်ငံအတွင်း ရေနံကုမ္ပဏီပေါင်း ၅၀ဝ ခန့်ကို ကိုယ်စား ပြုတဲ့အသင်းလည်း ဖြစ်ပါတယ်။
စီးပွားရေးယိမ်းယိုင်လာ ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးဟာ သမ္မတ မာဒူရိုအာဏာရလာတဲ့ ၂၀၁၃ ခုနှစ်ကစလို့ စတင်ပြီး ယိမ်းယိုင်လာခဲ့ပါတယ်။
တိုင်းပြည်အတွင်း လူသန်းပေါင်းများစွာဟာ အိမ်နီးချင်းနိုင်ငံများ ဆီသို့ ထွက်ပြေးမှုတွေ ဖြစ်လာတယ်။ မာဒူရိုဟာ အိမ်နီးချင်းနိုင်ငံများမှာရောက်ရှိနေတဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေဆီက ထောက်ခံမှုရရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီလူတွေဟာ အတိုက်အခံတွေ ဘက်ကိုပြောင်းလဲ ထောက်ခံလာတဲ့အခါမှာတော့ အစိုးရအနေနဲ့ နှိမ်နင်းဖြေရှင်းမှုတွေလုပ်ရ တော့မယ်ဆိုတာ သတိပြုမိလာပါတယ်။
စီးပွားရေးလျော့ကျနိုင် အခုအမေရိကန်ရဲ့ အသစ်ပြုလုပ်လိုက်တဲ့ ပိတ်ဆို့မှုပြစ်ဒဏ်အရ ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံသုံးပုံပုံ နှစ်ပုံဟာ တင်ပို့ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ဒီနှစ်အတွက် ၁၄ ဘီလီယံနီးပါးခန့် ရှိပါတယ်။
စီးပွားရေးအနေအထားဟာ ၂၆ ရာခိုင်နှုန်းအထိ လျော့ကျသွားမှာပါလို့ စီးပွားရေးပညာရှင်တစ်ဦး ဖြစ်သူ ရိုဒရီဂုစ်ကပြောပါတယ်။ အမေရိကန်သမ္မတ ထရမ့်ကတော့ ဗင်နီဇွဲလားအပေါ် ပိတ်ဆို့မှု ပြစ်ဒဏ်ချရခြင်းဟာ သမ္မတမာဒူရိုရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုများကို အပြစ်ပေးဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ အတိုက်အခံခေါင်းဆောင်ဂျူ အန်ဂွိုက်ဒိုကိုအာဏာလွှဲပြောင်းပေးဖို့ ရည်ရွယ် တာလို့လည်း ပြောပါတယ်။ ဗင်နီဇွဲလားမှာ အတိုက် အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုကို တိုင်းပြည်ရဲ့ စစ်မှန်တဲ့ သမ္မတအဖြစ် အမေရိကန်နဲ့ အခြားနိုင်ငံ အချို့က အသိအမှတ်ပြုထားပါတယ်။
တားမြစ်မိန့်ထုတ် ဗင်နီဇွဲလားအပေါ် ရေနံပိတ်ဆို့မှုကို အမေရိကန်ဘဏ္ဍာရေးဌာနကနေ ဇန်နဝါရီ ၂၈ ရက်က ကြေညာခဲ့တာဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီနဲ့ ဆက်စပ်မှုရှိတဲ့ အမေရိကန်ကုမ္ပဏီတွေ ကို တားမြစ်အမိန့်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ အမာခံငွေကြေး ၉၀ ရာခိုင်နှုန်း ခန့်ကို ထိခိုက်သွားပြီပဲ ဖြစ်ပါတယ်။ အမေရိကန် ဈေးကွက်မှာရှိတဲ့ ဗင်နီဇွဲလားရေနံကုမ္ပဏီတွေကို ပိ်တ်လိုက်ရပါတယ်။ သမ္မတမာဒူရိုကတော့အမေ ရိကန်ဟာအာဏာသိမ်းဖို့ကြံစည်နေတဲ့ အတိုက်အခံတွေကို အားပေးကူညီနေတာလို့ စွပ်စွဲခဲ့ပါတယ်။
သင်္ဘောပြေးဆွဲမှုရပ်တန့် အရင်ပိတ်ဆို့မှုတွေ မရှိခင်ကဆိုရင် ဗင်နီဇွဲလား နိုင်ငံဟာတစ်နေ့လျှင် သန့်စင်ပြီးသားရေနံဆီနဲ့ သန့်စင်ပြီးရေနံစည်ပေါင်း ၁၂၀ဝဝဝ ခန့်ကို အမေရိကန်ကနေ တင်သွင်းပါတယ်။ အမေ ရိကန်က တင်သွင်းတဲ့ အပေါ့စားရေနံနဲ့ ဗင်နီဇွဲလား မှာရှိတဲ့ ရေနံစိမ်းတွေကို ရောယှက်လိုက်ပါတယ်။ ပြီးတော့ ဆိပ်ကမ်းတွေဆီကို ပိုက်လိုင်းကနေ တစ်ဆင့်ပို့ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်ကစပြီး အမေရိကန် သင်္ဘောတွေပြေးဆွဲမှုဟာလည်း ရပ်တန့်သွားခဲ့ပါပြီ။ ဗင်နီဇွဲလားအနေနဲ့ ဈေးချ တာပဲဖြစ်ဖြစ်၊ အာရှမှာ ဈေးကွက်ရှာတာပဲဖြစ် ဖြစ်လုပ်ပြီးအခြေအနေကို ဆက်လက်ထိန်းသိမ်း ထားနိုင်တယ်လို့ စွမ်းအင်ကျွမ်းကျင်သူတွေက ပြောပါတယ်။
ပြည်သူတွေ ထိခိုက်နစ်နာ
အစိုးရကို ဖိနှိပ်ဖို့အတွက် ရည်ရွယ်ပြီး ပိတ်ဆို့မှုတွေလုပ်ခဲ့ပေမယ့် ကြားထဲက ကျွန်တော်တို့က ရူးတော့မှာပဲလို့ ဆင်ခြေဖုံးရပ်ကွက်မှာ ဆေးဆိုင်လေးဖွင့်ထားတဲ့ ဂျူလီယာနာလီယို ပက်ဇ်က ပြောပါတယ်။ ဗင်နီဇွဲလားအများစု ကတော့ အခွန်ငွေတွေ လျော့ကျသွားခြင်းကြောင့်ပဲ သမ္မတမာဒူရိုအာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်မှာကို ကြောက်ရွံ့နေကြပါတယ်။ ဒီပိတ်ဆို့မှုတွေသာ မကြာခင်အချိန် အတွင်းမှာ အခြေအနေတွေကို အဆုံးမသတ် နိုင်ဘူးဆိုရင် ပြည်သူတွေကို ထိခိုက်နစ်နာမှုတွေ ဖြစ်လာတော့မှာပါလို့ အစိုးရရေနံကုမ္ပဏီ ဆန့်ကျင်ရေးသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သူ ပွာတို လာခရုစ်က ပြောပါတယ်။
လမ်းကြောင်းပိတ်ဆို့ ဗင်နီဇွဲလား ၅၀ဝဝခန့်ကို ၁၀ ရက်စာဖူလုံစေမယ့် အမေရိကန်က အထောက်အပံ့ပေး ထားတဲ့ ဆေးဝါးနဲ့ အစားအသောက်ပစ္စည်းတွေကို ကိုလံဘီယာနယ်စပ်မှာ ဖြန့်ဝေပေးဖို့ အတိုက် အခံတွေကအစီအစဉ်ရှိပါတယ်။ ဒါပေမယ့်လည်း မာဒူရိုအစိုးရက သောကြာနေ့ကပဲ ထောက်ပံ့ ရေးပစ္စည်းတွေ သယ်ဆောင်သွားရာလမ်းကြောင်းကို ပိတ်လိုက်ပါတယ်။ နယ်စပ်တွေကိုလည်း ပိတ်ထားပြီး ထောက်ပံ့ရေးယာဉ်များ ဝင်ရောက်မှုကို ဗင်နီဇွဲလားအာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။ အမေရိကန်ဟာဗင်နီဇွဲလားကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာဖြစ်နေတဲ့နိုင်ငံ၊ အာဏာရှင်နိုင်ငံအဖြစ် ပုံဖော်ချင်နေတာလို့ သမ္မတ မာဒူရိုက ပြောပါတယ်။
ပြည်သူတွေကြောက်ရွံ့နေ
ဆေးဝါးပြတ်လပ်မှုဒဏ်ကို ခံစားနေရတာကတော့ ပြည်သူတွေပါပဲ။ ဗင်နီဇွဲလားမြို့တော်မှာ ရှားပါးဆေးပစ္စည်းတွေဟာ ရှာဖွေရအတော်လေး ခက်လာပါတယ်။ ဒါကြောင့်လည်း ပိတ်ဆို့ မှုပြစ်ဒဏ်အသစ်ကြောင့် နဂိုကမှ ယိုင်နဲ့နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် လုံးဝပြိုလဲ သွားမှာကို ပြည်သူတွေ ကြောက်ရွံ့နေကြပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် ဗင်နီဇွဲလားနိုင်ငံအနေနဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့နေရာမှာ ခက်ခဲလာရုံသာမက ဝယ်ယူတဲ့နေရာမှာလည်း အခက်တွေ့လာပါတယ်။ ပြည်သူတွေကလည်း ပိတ်ဆို့မှုတွေကြောင့် အရင်ကမှ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးပြတ်လပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ကြားထဲ ပိုပိုပြီးဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်လာရမှာ ကြောက်ရွံ့နေကြပါ တယ်။ သမ္မတ မာဒူရိုအနေနဲ့ အမေရိကန် ဆန့်ကျင်ရေးတွေ ဘယ်လိုပဲပြောပြော အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ အဓိကကုန်သွယ်ဖက် နိုင်ငံအဖြစ် ရှိနေဆဲပါ။ ။
ကိုးကား -နယူးယောက်တိုင်းမ်
ခြူးစန္ဒီနွေး


