နေပြည်တော် နိုဝင်ဘာ ၁၄
အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025- AEC 2025) လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ(၃) ခုနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၌ Online + Offline ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် အာဆီယံစီးပွားရေးအသိုက်အဝန်း လုပ်ငန်းစီမံချက်ပါ လုပ်ငန်း ကော်မတီ(၃) ခုဖြစ်သည့် ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ပုဂ္ဂလိက အခန်းကဏ္ဍ ခိုင်မာတောင့်တင်းစေရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းကော် မတီများ၏ဥက္ကဌ ဒုတိယဝန်ကြီး ဦးညွန့်အောင် က အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ ဖော်ဆောင်နိုင်ရေး ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်တွင် ပါဝင်သော ကုန်စည်၊ ဝန်ဆောင်မှုနှင့် ပုဂ္ဂလိက အခန်းကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီများတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန် ယူဆောင်ရွက်ကြရသော သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပိုမိုပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တွေ့ကြုံရသည့် အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများ၊ ဘာသာရပ်တာဝန်ခံများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းကော် မတီအလိုက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်၍ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းပေးသည်။
အစည်းအဝေးသို့ အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ လုပ်ငန်းစီမံချက် တွင်ပါဝင်သည့် လုပ်ငန်းကော်မတီ(၂၂)ခုမှ ကုန်စည်ကုန်သွယ်ရေး လုပ်ငန်းကော်မတီ၊ ဝန်ဆောင် မှုကုန်သွယ်ရေး လုပ်ငန်းကော်မတီနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ ခိုင်မာတောင့်တင်းစေရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်


