၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၁၀:၃၀ နာရီ ထုတ်ပြန်ချက်

 

ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် (၅၁၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun) ၏ အနောက်တောင်ဘက် ရေမိုင် (၆၂၀) မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့ (Jaffna) ၏ အရှေ့ဘက်ရေမိုင် (၃၃၀) မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် (၃၅၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း မိုးလေ၀သခန့်မှန်းချက်အနေဖြင့် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ အမြင်တာမှာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့် ရှိမည်။ ရေပြင်လေသည် မြောက်(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ(၃၅)မိုင်အထိ ရှိမည်။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ လှိုင်းအမြင့်မှာ (၇)ပေမှ (၉)ပေခန့် ရှိနိုင်သည်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း မိုးလေ၀သခန့်မှန်းချက် အနေဖြင့် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာမှာ (၅)မိုင်ခန့်ရှိမည်။ ရေပြင်လေသည် အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ(၃၅)မိုင်အထိ ရှိမည်။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။

လှိုင်းအမြင့်မှာ (၇)ပေမှ (၉)ပေခန့် ရှိနိုင်သည်။

 

Credit> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန