ကန်ကြီးထောင့် ၁၁ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးလက်နေ ပြည်သူများကို ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသပေးခြင်းကို ဖေဖော်ဝါရီ ၁၁ ရက်၊နံနက် ၉ နာရီက လေးဆူကျေးရွာ(ဓမ္မာရုံ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့် နှင့် လက်ထောက် တိုင်းရင်း ဆေးမှူး ဒေါ်စိန်ဌေးတို့က နေ့စဉ်စားသောက်နေသော အစားအစာနှင့် ကျန်းမာရေးပြဿနာများ အကြောင်း သိကောင်းစရာများနှင့် ကိုယ်စိတ်နှလုံး ကျန်းမာရွှင်ပြုံးနေစေရန် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန် အချက်များကို ပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ခြေလက်ထုံကျင်၊ လေးဘက်နာ၊ နှလုံးတုန်ရင်တုန်၊ ရင်ကျပ်၊သွေးတိုး၊ ဆီးချိုရောဂါများနှင့်ပ တ်သက်၍ လာရောက်ပြသသော လေးဆူကျေးရွာဒေသခံများ၏ ကျန်းမာရေးကို အခမဲ့ စမ်းသပ်စစ် ဆေးပေးခြင်းနှင့် တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးပြီး ပုသိမ်တိုင်းရင်းဆေးရုံတွင် ဆက်လက်ကုသရန် လိုအပ်သော လူနာများကိုလည်း လိုအပ်သည်များ လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။
နန်းထိုက် (KGD)


