ဂန့်ဂေါ   ၁၁  ဖေဖော်ဝါရီ

 

ဝါးစိုက်ပျိုးရေးနှင့် ဝါးအချောထည်ပစ္စည်း ထုတ်လုပ်ခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ဂန့်ဂေါခရိုင် သစ်တောဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

df

သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းနှင့် ခရိုင်သစ်တော ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်တို့က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်း ဒုတိယဥက္ကဋ္ဌ ဦးစောမင်းနိုင်က သင်တန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

g

သင်တန်းကို ဂန့်ဂေါခရိုင် သစ်တောဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၅၁ ဦး တက်ရောက်မည်ဖြစ်ကာ သင်တန်းကာ ငါးရက်ဖြစ်ကြောင်း သိရသည်။ 

 

စိန်ကျော်
 

fed