နေပြည်တော် ၁၁ ဖေဖော်ဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် နယ်စပ်ဒေသကျေးလက်မြို့ပြနေ တိုင်းရင်းသူအမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ်(၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ အမှတ်(၅၁)ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်း ခန်းမ၌ ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ ဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းတက်ရောက်မည့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး င့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ယင်းသင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၁ ရက်မှ မတ်လ ၈ ရက်ထိ ရက်သတ္တပတ် (၄)ပတ်ကြာ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ပြီးပါက အထည်ချုပ်စက်ရုံများသို့ အလုပ်တာဝန်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


