ဘိုကလေး ၁၁ ဖေဖော်ဝါရီ
ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်တွင် မဟာသီဝံသာသနာ့ရိပ်သာကျောင်းတိုက်မှ ကြီးမှူး ကျင်းပသော (၂၉)ကြိမ်မြောက် နိကာယ်ငါးရပ်စာလျောက်မေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ဘိုကလေးမြို့ အမှတ်(၆) ရပ်ကွက် အတွင်းရှိ အဆိုပါကျောင်းတိုက် စာဖြေဓမ္မာရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ နိကာယ်ငါးရပ် စာလျှောက်မေးပွဲကို ဖျာပုံ၊မော်ကျွန်း၊ ဘိုကလေးမြို့များမှ စာဖြေသံဃာတော်အပါး (၈၁) ပါး ဝင်ရောက်ဖြေဆို မည်ဖြစ်ကြောင်းဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
စာလျောက်မေးပွဲတွင် အခြေခံပထမအဆင့်တွင် သံဃာတော်အပါး (၄၂)ပါး၊ဒုတိယအဆင့်တွင် (၂၆) ပါး၊ နိကာယ်တန်း တွင် (၁၃)ပါး ဖြေဆိုကြမည်ဖြစ်ကာ သံဃာတော် (၂၇)ပါးမှ စာမေးပွဲကို ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်သည်။ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် စာအောင်သံဃာတော်များကို ဆုများပေးအပ်ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း မဟာသီဝံသာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဦးဝိဇ္ဇာနန္ဒ ၏ မိန့်ကြားချက်အရသိရသည်။
MDN


