နေပြည်တော် ၁၁ ဖေဖော်ဝါရီ

ယနေ့ နံနက် ၄ နာရီခွဲခန့်က အချိန်ခန့်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့၊ ဇီးတောကမ်းခြေနှင့် (၄)မိုင်ခန့်အကွာ လက်ဖက်ကျွန်း မီးပြတိုက်သို့ ပြုပြင်ရန် လာရောက်သည့် "ဆင်ပြောင်”အမည်ရှိ သင်္ဘောနစ်မြုပ်သွားကြောင်း သတင်းရရှိသဖြင့် မာန်အောင်မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးထိန်လင်း ဦးဆောင်၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ သင်္ဘောပေါ်တွင် လူ ၂၅ ဦးခန့် ပါဝင်ကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။

MDN

 

123