နေပြည်တော် ၁၁   ဖေဖော်ဝါရီ 

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Energize Myanmar Co.,Ltd အဖွဲ့အား ယနေ့မွန်းလွဲ ၃နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လျှပ်စစ်ဓာတ်အား ပိုမိုရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော Project Empower စီမံကိန်းဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် Financially နှင့် Technically အဆင်သင့်ဖြစ်နေမှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစီမံချက်ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာတင်ပြ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

 

 (သတင်းစဉ်)

 

222