နေပြည်တော်  ၁၁   ဖေဖော်ဝါရီ 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးသန့်စင်နှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး၌ တွေ့ဆုံသည်။ 

 

တွေ့ဆုံစဉ် မြန်မာ - ကိုရီးယား နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ မျှခြေဖြစ်ပေါ်ရေး၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာနှင့် အခွင့်အလမ်းကောင်းများအား ကိုရီးယားနိုင်ငံမှ ကုမ္ပဏီများ ပိုမိုသိရှိပြီး မြန်မာနိုင်ငံသို့ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးအတွက် သံတမန်နည်းလမ်းများဖြင့် ဆက်လက်ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးကြသည်။

 

 (သတင်းစဉ်)

 

IMG_7