စစ်တွေ  ၁၁  ဖေဖော်ဝါရီ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်မင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာရှိ ပင်မဘုန်းတော်ကြီးကျောင်း၌ ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများသွားရောက်ထောက်ပံ့သည်။

 

0.00

 

အဆိုပါတိုက်ပွဲရှောင်ပြည်သူများသည် ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာရှိပင်မ ဘုန်းတော်ကြီးကျောင်းသို့ပြောင်းရွှေ့ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။

 

တိုက်ပွဲရှောင် အိမ်ထောင်စု(၆၈)စုမှ လူဦးရေ (၂၃၉) ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးနှင့် တန်ဖိုးငွေကျပ် ၁၉၃၈၀ဝ ရှိ ကျားလုံချည် (၆၈)ထည်၊ တန်ဖိုးငွေကျပ် ၁၄၉၆၀ဝ ရှိ မလုံချည်(၆၈)ထည်၊ တန်ဖိုးငွေကျပ် ၁၈၉၀၄၀ ရှိ တီရှပ် (၁၃၆)ထည်၊ တန်ဖိုးငွေကျပ် ၃၆၀၄၀ဝ ရှိ စောင်(၁၃၆)ထည်၊ ၊ တန်ဖိုးငွေကျပ် ၃၄၀ဝ၀ဝ ရှိ ဖျာ(၆၈) ထည်၊ လူဦးရေ(၂၃၉)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ တန်ဖိုးငွေကျပ် (၂၁၅၁၀ဝ၀)၊ စုစုပေါင်းထောက်ပံ့ ငွေကျပ် ၃၃၈၃၈၄၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင် းသိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

 

00.0