နေပြည်တော် ဒီဇင်ဘာ ၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၃၃ ဒသမ ၇၅၃၆) တန်၊ သစ်မာ (၁၃ ဒသမ ၂၉၂၆) တန်၊ အခြား (၆၉ ဒသမ ၇၄၈၈) တန်၊ စုစုပေါင်း (၁၁၆ ဒသမ ၇၉၅၀) တန်၊ ယာဉ်/ ယန္တရား (၅) စီး၊ တရားခံ (၁၂) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ဒီဇင်ဘာ ၁၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ဘိနယ်၊ ငါးသိုင်းချောင်း- ဂွကားလမ်း၊ မိုင်တိုင်အမှတ် (၅/၀) ၏ မြောက်ဘက်(၃)ဖာလုံခန့်အကွာ နွားစာကျက်ကွင်းအတွင်းမှ တရားမဝင်တောင်သရက်/ ကညင်ခွဲသား (၂၂၃)ချောင်း (၃၂ ဒသမ ၉၁၂၂) တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းစဉ်


