တွန်းဇံ ဒီဇင်ဘာ ၂၁

 

ချင်းပြည်နယ် တွန်းဇံမြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇမ်းပီးအုပ်စု၊ ဇမ်းပီးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို တွန်းဇံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် တွန်းဇံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကျိန်ဒိုးလျန်းက စီမံကိန်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်လုပ်ငန်းအဖွဲ့များမှ ဇမ်းပီးကျေးရွာ ဝဥစိုက်ပျိုးရေးအဖွဲ့များထံသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းရန်ပုံငွေပေးအပ်ပွဲသို့ မြို့နယ်လုပ်ငန်းအဖွဲ့များ၊ ဇမ်းပီးကျေးရွာမှ ဝဥစိုက်ပျိုးရေးအဖွဲ့(၄)ဖွဲ့ တက်ရောက်ပြီး တစ်ဖွဲ့လျှင် ကျပ်ခုနှစ်ဆယ့်ငါးသိန်းနှုန်းဖြင့် ရန်ပုံငွေကျပ်သိန်းသုံးရာတိတိကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနထံမှ သိရသည်။ 

 

မြို့နယ်(ပြန်/ဆက်)