နေပြည်တော် ဒီဇင်ဘာ ၂၁
၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေး ဝန်ကြီးဌာန ဝန်ထမ်းများနှင့် မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပညာရေး ဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ညွန့်ဖေ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ ၂၀၂၃ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် လည်းကောင်း ပညာရေးဝန်ကြီး ဌာနရှိ အရာထမ်း၊ အမှုထမ်းများကို အားပေးချီးမြှောက်ကာ ယနေ့အခမ်းအနားကို စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ၏ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍတွင် သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေကြသည့် ပညာရေး ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြု၍ အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ပညာရေးဝန်ထမ်း မိသားစု အချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် အတူတကွ လက်တွဲ၍ ပညာရေးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားကာ ပညာရေးဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အတူတကွ ပျော်ပျော်ပါးပါး နေလယ်စာ သုံးဆောင်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်


