ပုသိမ် ၁၂ ဖေဖော်ဝါရီ
ဂျပန်နိုင်ငံ MJCP အဖွဲ့မှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုက်နယ်ဆေးရုံးများအတွက် Wheel Chair ၃၅ လုံး လှူဒါန်းပွဲကို ပုသိမ်မြို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျမ်းမာရေးနှင့် ကုသရေး ဦးစီးဌာန ရုံးခန်းမတွင် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ Wheel Chair ပေးအပ်လှူဒါန်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်ကျော်ထွေးနှင့် ပြည်သူ့ ကျန်းမာရေး ဖောင်ဒေရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်မှ အမှာစကား ပြောကြားပေးပြီး ဂျပန်နိုင်ငံ MJ CP အဖွဲ့ ဥက္ကဋ္ဌ Prof . Shigeru Okada က Wheel Chair ပေးအပ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ဂျပန်နိုင်ငံ MJ CP အဖွဲ့ ဥက္ကဋ္ဌ Prof . Shigeru Okada မှ Wheel Chair (၃၅) လုံးကိုပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်ထွေးက လက်ခံရယူပြီး ကျေးဇူတင်စကား ပြန်လည်ကြားခဲ့သည်။
ယင် Wheel Chair ပေးအပ်လှူဒါန်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်ကျော်ထွေးနှင့် အထူးကုဆရာဝန်ကြီးများ ပြည်သူ့ကျန်းမာရေး ဖောင်ဒေရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန် နှင့်အဖွဲ့ဝင်များ ဂျပန်နိုင်ငံ MJ CP အဖွဲ့ဥက္ကဋ္ဌ Prof . Shigeru Okada နှင့် အဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
မင်းထွန်းဇော်(၁၂၆)


