မုံရွာ ၁၂  ဖေဖော်ဝါရီ 

    
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမတွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် ၅ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
    

မီနီမာရသွန်ပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြား ထားသူများနှင့်ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက သေနတ်ပစ်ဖောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
    

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပသည့် မီနီမာရသွန်ပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များများမှ ကျောင်းသား ကျောင်းသူ ၁ဝဝဝ တို့မှ ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမှပေါ်မှ မြောက်ဘက်ခြမ်းရှိ ကန်သာယာကန်ကိုပတ်၍  ပြည်ထောင်စုလမ်းအတိုင်း၊ မြောက်ဘက်အောင်ချမ်းသာရပ်ကွက် မြှင့်တင်လမ်းမှအနောက်ဘက်ရှိ ဗိုလ်ချုပ်လမ်းမကြီးသို့လည်းကောင်း၊ ထိုမှတစ်ဆင့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း တောင်ဘက်ရှိ ပြည်သူ့အားကစားကွင်းရှေ့သို့ ပြန်လည် ပန်းဝင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးတို့က ထူးချွန်ဆုရပြိုင်ပွဲဝင် အားကစားသမားများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)

 

123